လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့
(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)
၁။ ၂၀၁၈-၂၀၁၉ခုနှစ် ဘဏ္ဍာရေးနှစ် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မှ ဆောင်ရွက်မည့် အောက်ဖော်ပြပါ လုပ်ငန်းအား တင်ဒါခေါ်ယူရန်အတွက် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်အပ်ပါသည်-
စဉ် |
တင်ဒါအမှတ် |
လုပ်ငန်းအမည် |
(က) |
2-38(T)/MESC/2018-2019 |
ပြင်ဦးလွင်ခရိုင်၊တကောင်းမြို့နယ်လျှပ်စစ်မန်နေဂျာရုံးတွင်ကွန်ပျူတာစနစ်ဖြင့်ငွေတောင်းခံလွှာပြုစု ရေး၊ငွေကောက်ခံရေးနှင့်လယ်ဂျာစာရင်းရေးသွင်း၍လချုပ်စာရင်းများရေးဆွဲရေးလုပ်ငန်းအား(၁)နှစ် လုပ်ငန်းအပ်နှံဆောင်ရွက်ရန်တင်ဒါအဆိုပြုလွှာများဖိတ်ခေါ်ခြင်း |
၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို (၁၂.၃.၂၀၁၉) ရက်နေ့တွင် စတင်၍ ရောင်းချမည်ဖြစ်ပြီး (၂၅.၃.၂၀၁၉) ရက် (၁၄:၀၀) နာရီတွင် တင်ဒါပိတ်မည်ဖြစ်ပါသည်။
၃။ တင်ဒါစိစစ်ရွေးချယ်မည့်ရက်အား ထပ်မံအကြောင်းကြားပါမည်။ တင်ဒါပုံစံနှင့် အသေးစိတ် အချက်အလက် များကို ရုံးချိန်အတွင်း အောက်ပါလိပ်စာတွင် လာရောက် စုံစမ်းဝယ်ယူနိုင်ပါသည်။
တင်ဒါကော်မတီ
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)
၂၇ လမ်း၊ ၇၇x၇၈ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့
ဖုန်း - ၀၂-၄၀၆၉၁၂၁,၀၂-၄၀၇၃၈၀၁